-->
ဘယ်တော့မှ ခွပ်ဒေါင်းတွေ အားမပျက် ထာဝရပျံသန်းနေအုံးမည်။

Monday, February 1, 2010

ရင်ဖွင့်ငှက်တကောင်

01/02/2010
အဆုံးအစ မရှိတဲ့ ကျောပြင်ကြီးပေါ်
ကမ္ဘာကျော် ပြောင်းရွှေ့မှု့များထဲ
မင်းနဲ့ငါ ချစ်ခဲ့
ငါ့ရဲ့ ၀ှက်ဖဲလေး
ငါ့အဖြစ်သနစ်က မင်းဖြစ်သွားပြီး
မင်း စိုးရွံမှုတွေရဲ့ နားခိုရာ ငါ့ရင်ပါ
အရင်းနှီးဆုံးအနမ်းတွေ ဆောင်းမလာခင်ကြွေရမလား
ဒုက္ခကို ဒုက္ခနဲ့ပေါင်းခဲ့တဲ့ ငါ့ချမ်းမြေ့မှုလေးရယ်
မင်းပျံ မလာနိုင်တဲ့အခါ ငါပျံလာခဲ့မယ်။ ။

No comments:

အချစ်ဆိုတာကို မြန်မာနိုင်ငံက လူတွေသာမက ကမ္ဘာမှာ ရှိရှိသမျှသော သူတွေက အဓိပ္ပာယ် မျိုးစုံနဲ့ ဖွင့်ဆိုခဲ့ ကြပါတယ်။ လူတိုင်းလူ တိုင်းဟာလည်း ကိုယ်အားသန်ရာ အတွေးတွေနဲ့ အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်။ အချစ်ဆိုတာကို ကဗျာဆရာက ကဗျာလေးတွေနဲ့ ဖွဲ့ဆိုကြသလို၊ ဒဿန ဆရာတွေကလည်း ဒဿနလေး တွေနဲ့ဖွဲ့ ဆိုကြပါတယ်။ တရားဟော ဆရာတွေကလည်း ဓမ္မလေးတွေနဲ့ ဖွဲ့ဆိုကြပြန်ရော၊ စသဖြင့်ပေါ့လေ။ အမျိုးမျိုးပေါ့။ တကယ်တော့ အချစ်ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ပျော်ရွှင်မှုတို့ဖြင့် ရှင်သန်နေ စေတာပါ။