-->
ဘယ်တော့မှ ခွပ်ဒေါင်းတွေ အားမပျက် ထာဝရပျံသန်းနေအုံးမည်။

Saturday, July 24, 2010

ရေးမိရေးရာ

မြန်မာပြည်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြားနေတာ ကြာပီ၊ ဘယ်နေ့ ဘယ်ရက်လို့လဲ မသတ်မှတ်ကြသေးဘူး၊ ဘာတွေလုပ်လို့ ဘာတွေ အကောက်ကြံနေလဲ မသိ၊ ဖြစ်နိုင်တာကတော့ သူတို့ပါတီကြီး စည်းရုံးရေးလုပ်နေတာ အရာမထင်သေးလို့ လုပ်မယ့်ရက်ကို မကြေငြာသေးတာဖြစ်ကောင်းဖြစ်နိုင်တယ်၊ သူတို့ထင်ရာလုပ်ပီး သူတို့ပဲ ဆက်ပီး အုပ်ချုပ်မှာကြီးကိုများ လူအထင်ကြီးအောင် ပါတီတွေထောင်ခိုင်းပီး ဟန်ရေးပြနေသေးတယ်၊ ကျုပ်သိသလောက် အတိုင်းအတာလေးနဲ့ ပြောရရင် စစ်အုပ်ချုပ်ရေး တရားဝင်ဖြစ်အောင်လုပ်မယ့်ပွဲကြီးကို တိုင်းပြည်ကို ကောင်းစားစေလို့တဲ့စိတ်ရှိသူတိုင်း ကန့်ကွက်သင့်တယ်၊ ကျုပ်လဲ လုံးဝကန့်ကွက်တယ်၊ လကမ်ခံဘူး၊ သူတို့ဆွေမျိုးတစုနဲ့ အပေါ်ယံစစ်သား ငတက်ပြားတွေကောင်းစားရေးအတွက် တရားဝင်ဖြစ်စေမယ့် ဒီရွေးကောက်ပွဲကို မြန်မာတမျိုးသားလုံး ကန့်ကွက်ရှုတ်ချသင့်တယ်၊ စကားမစပ်ပြောရအုံးမယ်၊ ကျုပ်အာဇာနည်နေ့က ကွန်မင့်တခုဖတ်ပီး တော်တော်စိတ်မကောင်းဖြစ်သွားတယ်၊ သားလုပ်သူက အမေလုပ်သူကို မေးတယ်တဲ့၊ မေမေ... အာဇာနည်နေ့ကျတော့ ကျင်းပပီး စိုင်းစိုင်းခမ်းလှိုင်နေ့ကျတော့ ဘာလို့မလုပ်ကြတာလဲတဲ့၊ သာမန်ကြည့်ရင်တော့ ရီစရာလို ဘာလိုလို၊ တကယ်တမ်းစဉ်းစားကြည့်တော့ တော်တော်ဝမ်းနည်းဖို့ကောင်းတဲ့အဖြစ်၊ နောက်ကလေးတော်တော်များများက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ဂုဏ်ကျေးဇူးတွေကို မသိကြတော့ဘူး၊ ကျုပ်ကတော့ ဒါကို မသိတဲ့ကလေးတွေရဲ့ အပြစ်လို့မမြင်ပါဘူး၊ နောက်မျိုးဆက်တွေကို ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ဂုဏ်ကျေးဇူးကို မသိအောင်လုပ်ပစ်လိုက်တဲ့ တုတ်ပေါကြီးရဲ့ အပြစ်လို့ပဲမြင်တယ်၊ ဒါကိုလူတော်တော်များများလဲ သိပီးဖြစ်မှာပါ၊ ဗိုလ်ချုပ်ကို တိုင်းပြည်ကနောက်မျိုးဆက်တွေနဲ့ အဆက်ပြတ်သွားအောင် လုပ်နေတာလေ၊ သူရဲ့နောက်လိုက်တွေကလဲ သူ့ရဲ့လုပ်ရပ်ကို မကြိုက်ကြပေမယ့် ဘာမှမပြောရဲကြရှာဘူး၊ သနားစရာကောင်းလိုက်တဲ့ နောက်လိုက်ငဖျင်းတွေလို့ပဲ မြင်မိပါတယ်၊ ကောင်းတဲ့အကြံကျတော့ မပေးရဲကြဘူး၊ ပြည်သူပြည်သားတွေ ဒုက္ခရောက်မယ့်အကြံမျိုးကျတော့ သူ့ထက်ငါ အလုအယက်ပေးနေလိုက်ကြတာ၊ နားနဲ့မဆန့်အောင်ပဲ၊ နောက်တခု သူတို့တုပ်ပေါကြီးက သူ့ကိုယ်သူ စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တဲ့ သူလို့ထင်နေတာ၊ ဒါ့ကြောင့်တုတ်ပေါကြီးကို စိတ်ကျန်းမာရေး ဆေးခန်းတော့ ပြသင့်ပီလို့ ထင်ပါရဲ့၊ သွပ်သွပ်ခါအောင်ဖြစ်သွားပီ သူ့ရဲ့ နှုကလီးယားလက်နက်တွေနဲ့ တိုင်းပြည်ကိုဆော်ထည့်လိုက်ရင် ကိုယ်ကျိုးနည်းရချည်ရဲ့၊ မပြောချင်တော့ပါဘူး၊ ဆက်ပြောနေလဲ မကောင်းတာတွေပဲ ပြောမိနေအုံးမှာ၊ လူကြီးမင်းတွေပဲ ကိုယ့်ဟာကို ဆက်ပီး စဉ်းစားလိုက်ကြတော့နော်၊

Read More...

Thursday, February 4, 2010

သတင်း

04/02/2010
ဘလော့အသုံးပြုမယ်ဆိုရင်သုံးလို့ရနေပါပြီ။ထည့်ချင်တာဘာညာရှိသေးရင်
မသိတာရှိရင်မေးလို့ပါတယ်။ နမှူပုံစံလုပ်ထားတဲ့နေရာမှာ ကိုယ်ကြိုက်တာ
အကုန်ထညိ့ပါ. ကျန်းမာပါစေ။

Read More...

Monday, February 1, 2010

ပြုပြင်နေဆဲဘလော့သတင်း

01/02/2010
စာခေါက်တာနဲ့ ခေါင်းစီး မှုလစာမျက်နှာတွေလုပ်ပြီးသွားပြီ
နာရီဲပြန်ထညိ့ရအုံးမယ် ကျန်သေးတယ် တခြားဟာလေးတွေ
လဲကောင်းတာလေးတွေထည့်ပေးအုံးမယ်. နောက်တရက်
ဆိုရင်တော့ပြီးပါjပြီ. ဘာထည့်ချင်းသေးလဲဆိုတာကို စီဘောက်
ထဲမှာရေးထားခဲ့ပါ။ ဒီညဒီလောက်ပဲနော်.....ဟဲဟဲဟဲ..
ရွှင်လန်းချမ်းမြေ့ပါစေ။

Read More...

သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ

01/02/2010

“ဒါ ကျမကိုယ်တိုင် လုပ်ထားတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းကို ရေခဲမုန့်နဲ့ ဧည့်ခံရင်း ပြောလိုက်တယ်။ ပြီးတော့ သူက “အရည် ပျော်မသွားခင် မြန်မြန်လေး စားလိုက်ပါဦး” လို့ ဆက်ပြောပါတယ်။ရေခဲမုန့် လုပ်တာပဲ ဖြစ်ဖြစ် ကိတ်မုန့် ဖုတ်တာပဲဖြစ်ဖြစ် လုပ်နေရတာဟာ ရန်ကုန် အင်းလျား ကန်ပေါင်ဆီက ယိုယွင်းနေတဲ့ အိမ်အိုကြီးထဲမှာ အတင်းအကျပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် ရှည်လျားလှတဲ့ အကျဉ်းစံ အချိန်တွေကို ကုန်ဆုံးစေတဲ့ နည်းတွေထဲက တခုပါ။ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အိမ်ကို အလည် ရောက်ခဲ့တဲ့ ဦးဉာဏ်ဝင်းက “ဒေါ်စုက ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD) ကို ဒီထက်ပို အားကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို အစီအစဉ် ရေးဆွဲရင်းနဲ့ သူ့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတာပါ” လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ NLD ပါတီခေါင်းဆောင်ဟာ ကျန်းမာရေးကောင်းမွန်လျက် ရှိနေဆဲပဲ၊ ပြီးတော့ အင်္ကျီလက်ရှည် အဝါရောင်နုနုလေးကို ဝတ်ထားတယ် လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဆွေးနွေးဖြစ်တဲ့ ကိစ္စတွေထဲမှာ သူ့ရဲ့လက်ရှိနေအိမ် အကျယ်ချုပ်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမလဲ ဆိုတဲ့ကိစ္စ၊ NLD ပါတီ တိုးချဲ့ရေးနဲ့ သူ့ အိမ်ကိုပြန်ပြင်ဖို့ ကိစ္စတွေပါတဲ့အကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အချိန်တွေကို ဗုဒ္ဓဘာသာ ၀ိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရင်း၊ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေအပါအ၀င် ခရီးသွားနဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ ဖတ်ရင်း၊ ရေဒီယို နားထောင်ရင်း၊ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားလိုင်းတွေသာ ကြည့်ရှုရင်းနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဆင်ဆာလုပ်ထားတဲ့ Times နဲ့ News week မဂ္ဂဇင်းတွေကို သူ့ကို ပေးခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။ အင်းစိန်ထောင်မှာ မစ္စတာ ယက်ထောရဲ့အမှု ရင်ဆိုင်နေစဉ်အတွင်း သွားတွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် မှာထားတဲ့ ပြင်သစ်စာအုပ် အုပ် ၂၀ ကို ပေးခဲ့သေးတယ်ဆိုတဲ့ အကြောင်းလည်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုကတော့ ကျနော့်ကို နိုင်ငံတကာစာအုပ်တွေ မှာတာပဲဗျာ။ ကျနော်က သူမှာတဲ့အတိုင်း အမြဲတမ်း ပေးခွင့် မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ မြန်မာပြည်ကို ဒီဇင်ဘာလက အလည်လာသွားတဲ့ နိုဗဲလ် စီးပွားရေးဆုရှင် ဂျိုးဇက် စတစ်ဂလစ်ရဲ့ စာအုပ်တအုပ်ကို လက်ဆောင်အဖြစ်နဲ့ ဒေါ်စုကို ပေးနိုင်ခဲ့ပါတယ်” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ Stiglitz ကGlobalization and Its Discontent လို့အမည်ရတဲ့ သူ့စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးဖို့ သူရဲ့ခရီးစဉ် အတွင်းမှာ ဦးဉာဏ်ဝင်းကို မှာခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အင်းစိန်ထောင်ထဲက တရားရုံးတခုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရပြီး အဲ့ဒီကမှ တဆင့် ၁၈ လ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။ ဟာသပြဇာတ် နဲ့တူတဲ့ သူ့ရဲ့ တရားရင်ဆိုင်မှုအပြီးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတယောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထူးအမိန့်နဲ့အတူ တရားရုံးကိုရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့် အပြစ်ဒဏ်ကို တ၀က်လျှော့သင့်ပြီး ကျန်တဲ့အပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောခဲ့တာပါ။

ဗိုလ်ချုပ်မောင်ဦး ဖတ်သွားတဲ့အမိန့်ထဲမှာ တကယ်လို့ ဒေါ်စုအောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အင်းလျားကန်နေအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဆိုင်းငံ့အပြစ်ဒဏ် မပြီးဆုံးခင်မှာဘဲ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတာ ပါပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်နီးပါး အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတာဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဒီတရားစွဲဆိုမှုဟာ နိုင်ငံရေးပြကွက်တခုဖြစ်ပြီး စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဆက်နေစေ ချင်တယ်လို့ ယေဘုယျ သဘောတူကြပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၀၀၉ မှာ ချမှတ်ခဲ့တဲ့ သူ့ရဲ့ နေအိမ်အကျယ်ချုပ်အပြစ်ဒဏ် တ၀က်နီးပါး ကျခံပြီးဖြစ်ပါတယ်။ နိုဝင်ဘာမှာ သူ လွတ်နိုင်တယ်ဆိုတဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့အရိပ်အမြွက်စကား အရဆိုရင် သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိတဲ့ အတွက် အပြစ်ဒဏ်အကုန်လုံး ကျခံရမယ်လို့ အဓိပ္ပာယ် ထွက်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးရဲ့ စကားနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လုံးဝ တရားမျှတမှု မရှိဘူးလို့ ပြောပြီးပါပြီ။ ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဗိုလ်ချုပ်မောင်ဦး ဒီလိုပြောဆိုခဲ့တာဟာ သူ့ရဲ့ နောက်ဆုံးအယူခံကို တရားရုံးမှာ ကြားနာဖို့ စောင့်နေတဲ့အပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ၁၈ လ နေအိမ်အကျယ်ချုပ် အပြစ်ဒဏ်ကုန်ဆုံးမယ့် နိုဝင်ဘာလမှာ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါသလားလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ “လူတယောက် သူ့အပြစ်ဒဏ်ပြီးလို့ လွတ်တာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့” ဖြေပါတယ်။

“ဒါပေမယ့် အဲဒီအချိန်မှာ ဒေါ်စုတကယ်မလွတ်ဘူးဆိုရင်တော့ အာဏာပိုင်တွေက သူတို့ ထွေးပြီးသား တံတွေးကို သူတို့ ပြန်မြိုသလိုပဲ ဖြစ်သွားမှာပေါ့” လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

နောက်ပြီးတော့ သူက “ကောင်းကောင်းမွန်မွန် နေထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ” လို့ မေးခွန်း ပြန် ထုတ်ပါသေးတယ်။ “ကျနော်တို့ ယူဆတာတော့ ဒေါ်စုက ကောင်းကောင်းမွန်မွန် နေနေတာပဲ၊ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘာတခုမှ ချိုးဖောက်တာမရှိဘူးလေ” လို့ သူက ပြန်ပြောပါတယ်။

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ရေးတဲ့ စာပါအကြောင်းအရာတွေကို ပြည်သူလူထုသိအောင် ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြီးခဲ့တဲ့လက အစိုးရပိုင်မီဒီယာ ကနေပြီး ရှုတ်ချတိုက်ခိုက် ခဲ့ပါသေးတယ်။

အစိုးရထုတ် သတင်းစာ ဆောင်းပါးတပုဒ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်၏ စာများ နိုင်ငံတော် အကြီးအကဲထံ မရောက်မီ ယခုကဲ့သို့ သတင်းဌာနများသို့ ပေါက်ကြားခြင်းသည် လက်ရှိအုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဤလုပ်ရပ်ကြောင့် အခြားတဖက် (စစ်အစိုးရ) ၏ လုပ်ငန်းစဉ်များကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်” လို့ ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းစံဘ၀ကို ပိုပြီးအဆင်မပြေ ဖြစ်စေတာကတော့ ပြုပြင်ဖို့ လိုနေတဲ့အိမ်ကို ပြန်ပြင်မယ်ဆိုတဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို တရားဝင် ပိတ်ဆို့နေတာတွေပါပဲ။ အိမ်ပြင်တဲ့လုပ်ငန်းတွေကို သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ တခြားဆွေမျိုးတွေက ကန့်ကွက်တာမို့ ရပ်ဆိုင်းခဲ့ရပါတယ်။ ဦဉာဏ်ဝင်းရဲ့ အပြောအရ ဆိုရင် သူ့အိမ်ဟာ အခု လုံခြုံတဲ့ အနေအထားမှာမရှိတော့ပါဘူး။

အကျဉ်းစံဘ၀ရဲ့ ပြယုဂ်တခုဖြစ်တဲ့ သူ့ရဲ့ စန္ဒရားဟာလည်း တီးခတ်လို့မရတော့တာ နှစ်အတော် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ တချို့အချိန်တွေကို အနုပညာ အလုပ်တွေနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်း မှုတွေကို အခြေခံတဲ့ Voice of Hope စာအုပ်ကို ရေးသားသူ စာရေးဆရာ Alan Clements ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဟာ အကျဉ်းစံဘ၀မှာ ပို၊ ပိုပြီး ခက်ခဲလာနေပြီလို့ ဧရာဝတီကို ပြောပြပါတယ်။

Alan Clements က “ဒေါ်စုရဲ့ အထင်ရှားဆုံးအရာတွေလို့ ကျနော်အမှတ်တရ ရှိနေတာက သူ့ရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ရိုးသားမှုတွေပါပဲ” လို့ ဆိုပါတယ်။

“သူ့ကို ဖိနှိပ်သူတွေ အပါအ၀င် ဘယ်သူ့ကိုမှ မကောင်းစိတ်မွေးတာ၊ ဒါမှမဟုတ် အာဃာတထားတာ ကျနော် တချက်လေးမှ သတိမထားမိခဲ့ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

“နောက်ပြီး ဒေါ်စုဟာ သူ့တိုင်းပြည်မှာရှိတဲ့ သူတွေအားလုံး မိတ်ဆွေတွေဖြစ်လာနိုင်မယ့် နေ့အတွက် သူ ဘယ်လို ဆုတောင်းတယ် ဆိုတာနဲ့ အဲဒီလိုသာ ဖြစ်လာရင် တိုင်းပြည်တခုလုံးအတွက် ဘယ်လောက်များ အကျိုးရှိလိမ့်မလဲဆိုတာတွေကို မကြာခဏ ပြောလေ့ရှိတာပါပဲ” လို့လည်း Alan Clements က ပြောပါတယ်။

(ဧရာဝတီသတင်းဌာန)

Read More...

ရင်ဖွင့်ငှက်တကောင်

01/02/2010
အဆုံးအစ မရှိတဲ့ ကျောပြင်ကြီးပေါ်
ကမ္ဘာကျော် ပြောင်းရွှေ့မှု့များထဲ
မင်းနဲ့ငါ ချစ်ခဲ့
ငါ့ရဲ့ ၀ှက်ဖဲလေး
ငါ့အဖြစ်သနစ်က မင်းဖြစ်သွားပြီး
မင်း စိုးရွံမှုတွေရဲ့ နားခိုရာ ငါ့ရင်ပါ
အရင်းနှီးဆုံးအနမ်းတွေ ဆောင်းမလာခင်ကြွေရမလား
ဒုက္ခကို ဒုက္ခနဲ့ပေါင်းခဲ့တဲ့ ငါ့ချမ်းမြေ့မှုလေးရယ်
မင်းပျံ မလာနိုင်တဲ့အခါ ငါပျံလာခဲ့မယ်။ ။

Read More...

ဗွီဒီယို

01/02/2010

Read More...

Tuesday, January 26, 2010

အိန္ဒိယ တက္ကသိုလ်များ အဆင့် လျှော့ချရေး ဆိုင်းငံ့ထား

26/01/2010
ယနေ့ မြန်မာ ဘုန်းတော်ကြီးများ တက်ရောက်နေသော နာလန္ဒာ တက္ကသိုလ် (ဓာတ်ပုံ - ဇာနည်မာန်)
မြန်မာစာသင်သား ရဟန်းများ တက်ရောက်နေသော နာလန္ဒာ တက္ကသိုလ် အပါအ၀င် တက္ကသိုလ် ၄၄ ခုကို တက္ကသိုလ် အဆင့်မှ လျှော့ချမည့် အစီအစဉ်အား ဆိုင်းငံ့ထားရမည်ဟု အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။တရားသူကြီး Dalveer Bhandari နှင့် A.K. Patnaik တို့က တရားရုံးချုပ်၏ အဆုံးအဖြတ် မပါဘဲ အဆိုပါ တက္ကသိုလ်များကို အဆင့်နှိမ့်ချခြင်း တစုံတရာ မပြုလုပ်ရန်နှင့် ထိုကိစ္စအတွက် စစ်ဆေး စုံစမ်းမှုများ ပြုပြီးသည် အထိ ပုံမှန်အတိုင်း အတန်းများ ဖွင့်လှစ် ဆောင်ရွက် သွားရန် ယမန်နေ့က ဆုံးဖြတ်ခဲ့ သည်ကို အိန္ဒိယ ရုပ်မြင် သံကြားတွင် ထုတ်လွှင့် ခဲ့သည်။

အဆင့်နှိမ့်ရန် လျာထား ခံရသော (အခြေခံ အဆင့်မြင့် ကျောင်းကို တက္ကသိုလ် အဆင့်မီသည်ဟု သတ်မှတ်ထားသည့်) Deemed တက္ကသိုလ် ၄၄ ခုသည် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလဖြစ်သည့် လာမည့် မတ်လအထိ သတ်မှတ် တက္ကသိုလ် အဆင့် ပြည့်မီရေး အတွက် မိခင် တက္ကသိုလ်များနှင့် ပူးပေါင်း ကြိုးစား ဆောင်ရွက်ကြရန် တရားရုံးချုပ်က ညွှန်ကြားထားသည်။
“အရင်အတိုင်းပဲ ပြန်ပြီးဖွင့်ပါဆိုတာ ရုပ်မြင်သံကြားကနေ ပါလာတော့ အတော်စိတ်ချမ်းသာ သွားတယ်။ ကျောင်းကတော့ ပြန်မဖွင့်သေးဘူး။ သူတို့ အိန္ဒိယနိုင်ငံ ထူထောင်တဲ့ အထိမ်းအမှတ် နေ့လည်းရှိတော့။ နောက်နေ့မှ ပြန်ဖွင့်လိမ့်မယ်” ဟု နာလန္ဒာ တက္ကသိုလ်မှ စာသင်သား ရဟန်းတပါးက မိန့်သည်။

ယခုကဲ့သို့ တရားရုံးချုပ်မှ ဆုံးဖြတ်ခြင်းမှာ Deemed တက္ကသိုလ်များတွင် ပညာသင်ကြားနေသော နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျောင်းသား ၂ သိန်းကျော်တို့၏ ပညာရေး ထိခိုက်မှုများ မရှိစေရန် ဖြစ်ကြောင်း သိရသည်။ အဆိုပါတက္ကသိုလ်များကို အဆင့်နှိမ့်ချရန် စီစဉ်ခဲ့သော လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနမှ တင်ပြထားသည်များကိုလည်း ပြန်လည်စိစစ်သွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၉ ရက်နေ့က ပြည်နယ် ၁၃ ခုရှိ အဆိုပါ Deemed တက္ကသိုလ် ၄၄ ခုတို့ကို အဆင့်နှိမ့်မည်ဟု လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ကြေညာခဲ့သည်။

ကြေညာစာ ထွက်လာသည့် နောက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော ဒေသခံကျောင်းသားများက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြရာ ထိုကျောင်း ၄၄ ကျောင်းအနက် တကျောင်းဖြစ်သည့် ဘီဟား ပြည်နယ်ရှိ နာလန္ဒာ တက္ကသိုလ်တွင် ပညာသင်နေသော မြန်မာ ရဟန်းများ ပါဝင်ခဲ့သည်။

တခြား စာသင်သား တပါးကလည်း “အစကတော့ အရေးကြီးစာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ သိမ်းထားတာ။ ပြောလို့မရဘူး။ တခုခုဖြစ်ရင် ဖြစ်မှာလေ။ ဒီမှာက ဒကာ၊ ဒကာမတွေ အထောက်အပံ့နဲ့နေနေရတာ၊ အချိန်ကုန်ငွေကုန်နဲ့၊ ပြန်ရရင် ဘယ်လို ပြောရပါ့မလဲပေါ့။ အခုလို ကြားရတော့ စိတ်မပူရတော့ဘူး” ဟု ဧရာဝတီသို့ မိန့်သွားသည်။

ဗုဒ္ဓစာပေ လေ့လာရေးတွင် နာမည်ကျော်ကြားသော နာလန္ဒာတက္ကသိုလ်တွင် မြန်မာစာသင်သား ရဟန်းတော်ပေါင်း ၉၇ ပါး အပါအ၀င် ထိုင်း၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရဟန်းများလည်း ပညာသင်ကြားလျက်ရှိသည်။

Read More...

သတင်း

26/01/2010
ဘလော့ပြင်နေပါတယ်။ အလုပ်တွေများနေလို့ မပြင်ဖြစ်သေးဘူး။ ဗီဇာအတွက်လုပ်နေပါသည်။
ခေါင်းစီးနဲ့ စာခေါက်တာအရေးကြီး ၂ခုကျန်သေးတယ်.ပြီးအောင်ပြင်ပေးမယ်. ကျန်းမာပါစေ။

Read More...

ဓာတ်ပုံ

26/01/2010

နာမည်ကျော်မြန်မာမော်ဒယ်မော်ဒယ် မိုးဟေကို ၏ စတူဒီယို ဓာတ်ပုံရိုက်ကူးမှု ဓာတ်ပုံ-မြန်မာ ချစ်ချတ်

မော်ဒယ်မိုးဟေကို ၏ ဓာတ်ပုံရိုက်ကူးမှု

အချစ်ဆိုတာကို မြန်မာနိုင်ငံက လူတွေသာမက ကမ္ဘာမှာ
ရှိရှိသမျှသော
သူတွေက အဓိပ္ပာယ် မျိုးစုံနဲ့ ဖွင့်ဆိုခဲ့ ကြပါတယ်။
လူတိုင်းလူ တိုင်းဟာလည်း ကိုယ်အားသန်ရာ
အတွေးတွေနဲ့ အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်။
အချစ်ဆိုတာကို ကဗျာဆရာက ကဗျာလေးတွေနဲ့ ဖွဲ့ဆိုကြသလို၊
ဒဿန ဆရာတွေကလည်း ဒဿနလေး
တွေနဲ့ဖွဲ့ ဆိုကြပါတယ်။ တရားဟော ဆရာတွေကလည်း
ဓမ္မလေးတွေနဲ့ ဖွဲ့ဆိုကြပြန်ရော၊ စသဖြင့်ပေါ့လေ။
အမျိုးမျိုးပေါ့။ တကယ်တော့ အချစ်ဆိုတာ
လူသားတွေရဲ့ နှလုံးသားကို ပျော်ရွှင်မှုတို့ဖြင့် ရှင်သန်နေ စေတာပါ။

Read More...

Saturday, January 23, 2010

Read More...

Friday, January 15, 2010



Read More...

Thursday, January 14, 2010

ပဒေါင်တိုင်းရင်းသူလေးရဲ့ ၀တ်စားဆင်ယင်မှု

Read More...


ဒါကတော့ လီးဆူးတိုင်းရင်းသူလေးရဲ့ ချစ်စရာကောင်းတဲ့အလှအပ

Read More...

ဒီဓာတ်ပုံက ရ၀မ်တိုင်းရင်းသူလေးပါ၊ ကျွန်တော်တို့မြန်မာပြည်တွင်းက တိုင်းရင်းသားညီအစ်ကိုမောင်ဖွားတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ၀တ်စားဆင်ယင်မူလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းသလို စိတ်လဲစိတ်ဝင်စားသင့်ပါတယ်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ပတ်သက်ပီး ကျွန်တော့ဘလော့မှာ တင်သွားပါမယ်၊ ကျွန်တော်စွမ်းနိုင်သလောက် ၀က်ဆိုက်တွေကနေ ရှာဖွေလေ့လာပီး တင်ပြသွားမှာပါ။

Read More...



Read More...

ဘလော့တစ်ခုစတင်မွေးဖွားခြင်း

ဒီနေ့ ပျင်းပျင်းရှိတာနဲ့ ဘလော့လေးတစ်ခု စလုပ်ဖြစ်တယ်၊ သူများတွေလုပ်နေတုံးကတော့ လွယ်တယ်ထင်နေတာ၊ ဒါပေမယ့် ကိုယ်ကိုတိုင်လက်တွေ့လုပ်ကြည့်မှ ဘာတွေဆက်လုပ်ရမှန်းမသိတော့လောက်အောင် ဥဏှောက်တွေ အမှောင်ကျသွားတယ်၊ အော်ဘာပဲဖြစ်ဖြစ် လုပ်လက်စကိုတော့ ဆက်ပီးလုပ်ရမယ့်တာဝန်က ကိုယ့်တာဝန်လေ၊ ဖြစ်အောင်တော့ ဆက်ရမ်းရမှာပဲ၊ ဘာတွေဘယ်လိုလုပ်ရတယ်ဆိုတာကို အကြံပေးကြပါအုံး

Read More...

အချစ်ဆိုတာကို မြန်မာနိုင်ငံက လူတွေသာမက ကမ္ဘာမှာ ရှိရှိသမျှသော သူတွေက အဓိပ္ပာယ် မျိုးစုံနဲ့ ဖွင့်ဆိုခဲ့ ကြပါတယ်။ လူတိုင်းလူ တိုင်းဟာလည်း ကိုယ်အားသန်ရာ အတွေးတွေနဲ့ အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်။ အချစ်ဆိုတာကို ကဗျာဆရာက ကဗျာလေးတွေနဲ့ ဖွဲ့ဆိုကြသလို၊ ဒဿန ဆရာတွေကလည်း ဒဿနလေး တွေနဲ့ဖွဲ့ ဆိုကြပါတယ်။ တရားဟော ဆရာတွေကလည်း ဓမ္မလေးတွေနဲ့ ဖွဲ့ဆိုကြပြန်ရော၊ စသဖြင့်ပေါ့လေ။ အမျိုးမျိုးပေါ့။ တကယ်တော့ အချစ်ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ပျော်ရွှင်မှုတို့ဖြင့် ရှင်သန်နေ စေတာပါ။